သနပ်ပင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ်

သနပ်ပင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က သူဌေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာမှ တက်ရောက် လာသော ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးသုံးစွဲလျင် ဖြစ်တတ်သောရောဂါလက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများသည် အသက်ပါသေဆုံးနိုင်ကြောင်း၊ စသည့်ရှောင်ရန်ဆောင်ရန်များအား  အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်အားပြသခဲ့ရာ  ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 လှမိုး(ပြန်/ဆက်)