ကန့်ဘလူမြို့နယ်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄၇ ဒသမ ၅၀ ရာခိုင်နှုန်း အောင်မြင်

ကန့်ဘလူ ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်ကစ၍ တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူပေါင်း ၁၃၀၁ ဦးရှိးခဲ့ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသာ ၂၂၀ ဦး၊ ကျောင်းသူ ၃၉၈ ဦး စုစုပေါင်း ၆၁၈ ဦးရှိကာ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၇ ဒသမ ၅၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ဖြေဆိုအောင်မြင်သူများအနက် ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၃၇ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၉၂ ဦးရှိခဲ့ပြီး ဂုဏ်ထူးထွက်ရှိမှု အများဆုံးဘာသာအနေဖြင့် ဇီဝဗေဒ ဘာသာမှာ အများဆုံးဖြစ်ကာ ၁၅၂ ဦးရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)