ကျိုက်ထို ဇွန် ၁၇
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာန တို့ပူးပေါင်းပြီး ဇွန် (၁၇) ရက်နေ့၊ နံနက်ပိုင်းက မသန်စွမ်းသူများ အသိပညာပေး Talk Show ဆွေးနွေး ပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးအောင်သိန်းတင်မှ မသန်စွမ်းသူများ အသင်းအနေအား ဆောင်ရွက်ပေးနေသည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ အလုပ်အမှုဆောင် ဦးကျော်ဝေလင်းမှ မသန်စွမ်းသူများအပေါ် ဆောင်ရွက်ပေးနေသည့် ဥပဒေများ၊ အလုပ်အမှုဆောင် ဒေါ်အိဖြူသန့်မှ မသန်စွမ်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများစသည်တို့ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးယုဝေ(ကျိုက်ထို)