ခါမ်းပါတ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာ​​မေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၀၂) ဦးရှိပြီး (၃၂) ဦး ဖြေဆိုအောင်မြင်

ခါမ်းပါတ် ဇွန် ၁၇

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာ​မေးအပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် အောင်စာရင်းကပ်ကာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခါမ်းပါတ်မြို့စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ (၁၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၃၂) ဦး ဖြေဆိုအောင်မြင်ခဲ့ ကြကြောင်း သိရသည်။

ဂုဏ်ထူးရဘာသာများအနေဖြင့် ဇီဝဗေဒဘာသာရပ်တွင် (၁) ဦးနှင့်ဘောဂဗေဒဘာသာရပ်တွင် (၁) ဦး၊ စုစုပေါင်း တစ်ဘာသာဂုဏ်ထူးရှင်နှစ်ဦးပါရှိကြောင်း သိရသည်။

ဝိဇ္ဇာမောင်