သတင်းများ

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှု
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် စိုက်ခင်းတွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာ အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၁၄ ရာခိုင်နှုန်းရှိ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးမှ ယနေ့ ဇွန် ၁၇ ရက် နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာန(၆)ခုတို့ရှိ ကျောင်းများ၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
တောင်သာမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာ နကျောင်းများတွင် ယနေ့နံနက် ၆ နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တိုက်နယ်ကျန်းမာရေးဌာန နှင့်ဌာနဆိုင်များပူး‌ပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်းလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်
အိမ်မဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြသ
Jun 17,2022
‌ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အမျိုးသမီးနှင့်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် အမျိုးသမီးနှင့်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်  ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်
Jun 17,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ယနေ့နံနက် ၆ နာရီအချိန်က စတင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၄၉.၉၅ ရာခိုင်နှုန်းဖြေဆိုအောင်မြင်
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၁၂ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၄၉.၉၅ ရာခိုင်နှုန်း‌ ဖြေဆိုအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။