သတင်းများ

တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Jun 15,2022
တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး  Onlie Talking ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက် တွင်ပြုလုပ်ခဲ့သည်။
ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်းကို ကရင်ပြည်နယ်အတွင်း ကျေးရွာ(၃)ရွာတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်
Jun 15,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများရှိ အခြေခံအ ဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသော နေချင်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်ပြီး ခေတ်မီစံပြကျေးရွာထူ ထောင်ရေးစီမံကိန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ သဘာဝဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်
Jun 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ​ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီ အချိန်ခန့်က သဘာဝဘေးအန္တရာယ်အသိပညာပေး Talk show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်၍ Online မှတဆင့် ပင်လုံမြို့ပြည်သူ့စာကြည့်တိုက်(Page)၌ လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 15,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးဆောင်၍
လောကရတနာစာကြည့်တိုက် ၃ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်
Jun 15,2022
မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက် ရတနာဦးကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသော လောကရတနာ စာကြည့်တိုက် ၃ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲအား ဇွန်လ ၂၇ ရက်နေ့တွင် ၎င်းစာကြည့်တိုက်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝါသီးနှံ မျိုးစေ့ထုတ်နည်းပညာပေးသင်တန်း ဖွင့်လှစ် သင်ကြား၍ ဝါမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်
Jun 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူများအား ဖိတ်ကြားပြီး ဝါသီးနှံမျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ဖွင့်လှစ်၍  ဝါမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မှီ အရေးပေါ်အသက်ကယ်သင်တန်းစာတွေ့/လက်တွေ့ သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)မှ ဦးစီးသင်ကြားပို့ချသော မူဆယ်ခရိုင် လူမှုကူညီရေးအသင်းများမှကြီးမှူး ကျင်းပပြုလုပ်သည့် နိုင်ငံတကာအဆင့်မှီ အရေးပေါ်အသက်ကယ် သင်တန်းမြို့တော်ခန်းမအခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းထိမ်းသိမ်းရေးသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးသိကောင်းစရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက