သတင်းများ

အမ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၄၁.၅၇ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ စာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီ အချိန်မှ စတင်ထုတ်ပြန်လျက်ရှိရာ အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင် စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ လာရောက် ကြည့်ရှု့လျက် ရှိသည်။
မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၃၇ ဦးရှိ
Jun 17,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများစာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ယနေ့ နံနက် ၆ အချိန်မှစတင်၍ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ မုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းပြီ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကျောက်အိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၄၅.၉၂ ရာခိုင်နှုန်းအထိအောင်မြင်
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ပေါက်တောမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက် ကြည့်ရှုလျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ  အသက်(၅)နှစ်နှင့် (၁၂)ကြား ကျောင်းသား/သူ  ၁၅၁၆၉  ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်
Jun 17,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ်နေရာများတွင် ဆက်လက် ထိုးနှံ ပေးခဲ့ကြသည်။
ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
သံတွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jun 17,2022
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်လျက် ရှိရာ သံတွဲမြို့နယ်တွင်လည်း ယနေ့နံနက် ၆ နာရီမှစတင်၍ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနရှိသည့် သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ထားလျက် ရှိကြောင်းသိရသည်။
ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၇.၁၉ အောင်မြင်
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ယခု ဇွန်လ ၁၇ ရက်နေ့၌ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများအား သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။