သတင်းများ

မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၌  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေး
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့် စာကြည့်တိုက်သို့
ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်​
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၆ နာရီ အချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် မျိုးစေ့လေလွင့်မှုမရှိပဲ မျိုးစေ့နှင့် အချိန်ကုန်သက်သာစေပြီး စိုက်ပျိုးစရိတ် သက်သာသည့် Pneumatic Seed Drill ဖြင့် တိရစ္ဆာန်အစာနှံစားပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းကို ဒေသခံတောင်သူများ လာရောက်လေ့လာ
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်ဦးစံပြကျေးရွာအနီးရှိ မွေးမြူရေးအသုံးချ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း) တွင် ထွန်စက်ကြီးနှင့် ချိတ်ဆွဲမောင်းနှင်သည့် လေဖိအားသုံးမျိုးစေ့ချကိရိယာ (Pneumatic Seed Drill) ဖြင့် တိရစ္ဆာန်အစာနှံစားပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့က ဒေသခံတောင်သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ဆောင်ရွက်
Jun 17,2022
၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ပြည်ကြီးတံခွန် မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင်ကပ်နှံထားရာကျောင်းသား၊ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
​​ကော့ကရိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်​​​ ​အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာ​ရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာ
Jun 17,2022
ပညာ​ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း​အောင်စာရင်းများကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ယနေ့၌ ထုတ်ပြန်​ကြေငြာ​ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်၊ ​ကော့ကရိတ်မြို့တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယ​နေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထား​သော​နေရာတို့တွင် ​​ကြေညာထား လျက်ရှိကြောင်း သိရှိရသည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၅၆ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၅၆ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။