ပန်းတောင်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပန်းတောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)