ပေါက်တောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၄၅.၉၂ ရာခိုင်နှုန်းအထိအောင်မြင်

ပေါက်တော ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ပေါက်တောမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက် ကြည့်ရှုလျက်ရှိသည်။

ပေါက်တောမြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန(၇)ခုမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၄၇) ဦးရှိကာ အောင်မြင်သူ (၉၄၀) ဦးရှိပြီး၊ အောင်ချက်ရာခိုင်နှုန်းမှာ (၄၅.၉၂) ရာခိုင်နှုန်းရှိသည်။ ယင်းအပြင် ငါးဘာသာဂုဏ်ထူးရှင် (၂) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၈၇) ဦးနှင့် ရိုးရိုးအောင်မြင်သူ(၅၈၈)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)