သံတွဲ ဇွန် ၁၇
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်လျက် ရှိရာ သံတွဲမြို့နယ်တွင်လည်း ယနေ့နံနက် ၆ နာရီမှစတင်၍ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနရှိသည့် သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ထားလျက် ရှိကြောင်းသိရသည်။
သံတွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာတင်သွင်းထားသူ ၂၂၆၂ ဦးရှိသည့်အနက် ၂၁၁၂ ဦးဝင်ရောက်ဖြေဆိုရာ ၁၀၀၃ ဦးအောင်မြင်ခဲ့သဖြင့် အောင်မြင်မှုရာနှုန်းမှာ ၄၇.၄၉% အောင်မြင်ခဲ့ပြီး ခြောက်ဘာသာ (၂)ဦး၊ ငါးဘာသာ (၄)ဦး၊ လေးဘာသာ(၁၇)ဦး၊ သုံးဘာသာ (၄၅) ဦး၊ နှစ်ဘာသာ (၆၁) ဦးနှင့် တစ်ဘာသာ (၃၄၄) ဦး ရရှိခဲ့ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်