ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၇.၁၉ အောင်မြင်

ပင်းတယ ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ယခု ဇွန်လ ၁၇ ရက်နေ့၌ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများအား သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန (၅)ခုဖြင့် ဘာသာတွဲအလိုက်   ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ဖြေဆိုစာရင်းရှိ( ၇၇၈) ဦးရှိရာ ပျက်ကွက်( ၆၆) ဦး ဖြစ်သည့်အတွက် ဖြေဆို ( ၇၁၂ )ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ရာတွင် ပင်းတယမြို့နယ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာတွဲအလိုက် အောင်မြင်သူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၃၆) ဦးဖြစ်ပြီး၊ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၁၀) ဦးရှိကြောင်း၊  တစ်မြို့နယ်လုံးအနေဖြင့် အောင်ချက် ရာခိုင်နှုန်း ၄၇.၁၉ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှးရုံးမှ သိရသည်။

အေးအေးလတ်

ပင်းတယ(ခရိုင်ပြန်/ဆက်)