သတင်းများ

ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ(၅၀.၃၇)ရာခိုင်နှုန်းရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ခဲ့ရာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ (၅၀.၃၇)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာအောင်ချက် ရာခိုင်နှုန်း ၅၄ ဒသမ ၃၁ ရှိ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယ‌နေ့ နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ အောင်ချက် ၅၄ ဒသမ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၄.၄၅ ဖြင့် လေးဘာသာဂုဏ်ထူးရှင် ၈ ဦးထွက်ရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံ တစ်ဝန်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့၊နံနက် (၆) နာရီက ထုတ်ပြန်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂ ခနှစ် တက္ကသိုလ်၀င်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင်  ယနေ့နံနက်(၆)နာရီက စတင်ထုတ်ပြန်ကြေညာရာ အောင်ချက်ရာချက်ရာခိုင်နှုန်းအနေဖြင့်(၄၇ဒဿမ၁၃)  ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့ အထက (၅) မှ (၆) ဘာသာဂုဏ်ထူးရှင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်
Jun 17,2022
နိုင်ငံတစ်ဝန်း ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာသည့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ဘာသာစုံဂုဏ်ထူး ရရှိအောင်မြင်ခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက (၅) မှ ဂုဏ်ထူးဆုရှင် ကျောင်းသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ဂုဏ်ပြုဆုများ သွားရောက်ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ထားရှိကြောင်းသိရသည်။
ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်
Jun 17,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။