သာယာဝတီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ(၂၁)ရပ်ကွက်သို့ ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် ပြည်သူ(၂၀၂၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Bosster ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်းကြောင်း သိရသည်။