သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်‌ကျောင်းများ၌ ‌တစ်ရက်လျှင် ကျောင်းသုံးကျောင်း၊ ဆေးထိုးစုရပ်(၃) နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှစတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့ အခြေခံပညာအက(၁)ကျောင်း၌ အသက် (၁၂)နှစ်မှ(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်းရှိ အခြေခံပညာအထက(၁)ကျောင်း၌ ယနေ့နံနက်ပိုင်းမှစ၍ အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်း ကျောင်းသား/သူများအား Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌‌ ဒေါပုံမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သော “စာဖတ်စွမ်းရည်ပြိုင်ပွဲ” ကို ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအားလုံး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၊ ရေငံ-သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ရက်(၂၀)သား မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jun 06,2022
တောင်တွင်းကြီးမြို့နယ်တွင် မေလလယ်မှစတင်၍ မိုးဦးမိုးရွာသွန်းခဲ့သဖြင့် ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးနှမ်းများ စတင်ကြဲပတ်ခဲ့ရကာ ယခုအခါ ရက်(၂၀) သား ဝန်းကျင်ရှိပြီဖြစ်‌ကြောင်း သိရသည်။ အဆိုပါ ရက်(၂၀)သား နှမ်းပင်များအား နှမ်းမှုန်းခြင်း၊  နှမ်းပေါင်းပေါက်ခြင်း၊ နှမ်းပေါင်းထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်ပြီး လက်တလောတွင် နှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မိုးနဲမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင် ပျိုးထောင်ထားရှိ
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ ဂေဟစနစ်မပျက်စီးစေရန်၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအနေဖြင့် သစ်ပင်၊ ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၁၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) ဆက်လက်ထိုးနှံ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့နံနက် ၈:၀၀နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ ၂ နာရီက အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။