သတင်းများ

ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြည်ထဲဝန်ကြီးဌာန ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း(၁/၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM စတင် ထိုးနှံပေး
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက် (၉) နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ သီးနှံအပိုဝင်ငွေရရှိ
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး စားဖိုဆောင်သီးနှံများကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အဆိုပါ စားဖိုဆောင်သီးနှံများတွင် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။  
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ဒိုးဇက်ပြိုင်ပွဲ၊ ချက်ကစားပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ဒိုးဇက်ပြိုင်ပွဲ၊ ချက်ကစားပြိုင်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
ပင်းတယမြို့နယ်၌ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jun 06,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပင်းတယခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပင်းတယမြို့နယ်၊ ကျားကုန်းစံပြကျေးရွာ စိန်သောက်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ခန္တီးမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jun 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အသက်(၁၁)နှစ်မှ (၁၇) နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနံခြင်းကို ဇွန်လ(၆)ရက် နံနက်(၁၀)နာရီအချိန်က မြို့မရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရွှေကျင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း၌ သက်ဆိုင်ရာ ကျောင်းများ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍