ရွှေကျင် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် လုပ်ငန်းခွင်အကြိုဆရာ၊ ဆရာမများ မြို့နယ်အခြေပြုရက်တိုသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က(ရွှေကျင်) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင်အကြို မြို့နယ်အခြေပြုရက်တိုသင်တန်းကို နည်းပြ(၄)ဦးမှ ဦးဆောင်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချမှုများကို ဆရာ၊ ဆရာမများအနေဖြင့် ပြည့်စုံစွာလေ့လာသင်ယူပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြိုမြို့နယ်အခြေပြုရက်တိုသင်တန်းကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ခုနစ်ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ စုစုပေါင်း(၃၃)ဦးတို့မှ တက်ရောက်သင်ကြားသင်ယူလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)