သတင်းများ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကျင်းပ
Jun 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် အတွင်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက စတင်၍စာသင်ကျောင်း ဆေးထိုးစုရပ်နေရာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် နွေစပါးလျာထားဧက ၇၈၅၅ ဧက ပြည့်မီအောင်စိုက်ပျိုးသွားမည်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ အုပ်စု၌ နွေစပါးလျာထားဧက ၇၈၅၅ ဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်သော နွေစပါးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေး က ပြောသည်။
လောင်းလုံးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ကြား အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေး
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယမန်နေ့မွန်းလွှဲ  ၃ နာရီခွဲ က တောင်လားကျေးရွာအုပ်စုမြင်းဒိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster (CoviShield)ဆက်လက်ထိုးနှံ
Jun 06,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm(sinovac)ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား
ကျောင်းသူ/သားများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jun 06,2022
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိရာ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို ကျောင်းသူ/သားများ အေးချမ်းပျော် ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 06,2022
ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျောင်းတက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။