သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

သာယာဝတီ ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းစိုက်ပျိုးမည့်တောင်သူများအား မိုးရာသီ‌စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာ ၄၈ အုပ်စုမှ တောင်သူများအား စပါး၊ ပြောင်းစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ စုစုပေါင်းငွေကျပ်(၂,၆၄၇)သိန်း ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့်တောင်သူများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀/- (ကျပ်တစ်သိန်းငါးသောင်း)နှုန်း၊ ပြောင်းဖူးတစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀/-(ကျပ်တစ်သိန်း)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေများကို ၃၁-၃-၂၀၂၃ ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်‌နေဂျာထံမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)