မိုးနဲမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင် ပျိုးထောင်ထားရှိ

မိုးနဲ ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ ဂေဟစနစ်မပျက်စီးစေရန်၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအနေဖြင့် သစ်ပင်၊ ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၁၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် သစ်တောဦးစီးဌာနရှိ မိုးနဲပျိုးဥယျာဉ်နှင့် နားခံပျိုးဥယျာဉ် ပျိုးဥယျာဉ်နှစ်ခုတို့တွင် ဒေသနှင့်ကိုက်ညီမှုရှိသည့် မယ်ဇလီ၊ ကျွန်း၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ ရေတမာ၊ ကျောက်ထင်းရှူး   ပနားမားငု စသည့် ပျိုးပင်များပျိုးထောင်ထားရှိကြောင်း သိရသည်။

ပျိုးပင်များအား ဌာနဆိုင်ရာ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန် ဇွန်လအစောပိုင်းမှစတင်၍ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဝိုးတောင်း (မိုးနဲ)