ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအားလုံး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ငပုတော ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၊ ရေငံ-သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅)နှစ်မှ အသက်(၁၂) ထိ ကလေးများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinophram  ထိုးနှံပေးခြင်းမှာ ကလေးငယ်များ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊  ကလေးငယ်များကျန်းမာ ကြံ့ခိုင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို​ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ​ရေငံ-သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်တို့က စီစဉ်ဆောင်ရွက်ပေးပြီး  အုပ်စုနယ်မြေအပိုင် ကျန်းမာရေးဆရာမ နမ့်နွယ်နီဝင်းနှင့် မြို့နယ် ကျန်းမာရေးကြီးကြပ် (၂) ဦးရဲလင်းကျော်တို့မှ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဟင်းအိုးချောင်းအုပ်စု ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပြီး အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းနေအရွယ် ကလေး၊ ကျား(၆၀)၊ မ(၇၀) ဦးစုစုပေါင်း (၁၃၀) ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အောင်သူ(ငပုတော၊ပြန်/ဆက်)