ပင်လုံမြို့ အခြေခံပညာအက(၁)ကျောင်း၌ အသက် (၁၂)နှစ်မှ(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပင်လုံ ဇွန် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်းရှိ အခြေခံပညာအထက(၁)ကျောင်း၌ ယနေ့နံနက်ပိုင်းမှစ၍ အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်း ကျောင်းသား/သူများအား Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းစင်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရန် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပင်လုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှအဖွဲ့ခွဲ၍ ​မြို့အတွင်းရှိမြို့ပေါ်ရပ်ကွက်အုပ်စု၊ ကျေးရွာအုပ်စုတို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့်မူလတန်းများမှ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုး​နှံပေးလျက်ရှိပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)