ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဒေါပုံ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌‌  ဒေါပုံမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သော “စာဖတ်စွမ်းရည်ပြိုင်ပွဲ” ကို ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်‌ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်သူဇာ၀င်းက “စာဖတ်စွမ်းရည်ပြိုင်ပွဲ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား / သူ၊ လူငယ် လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။

သူဇာ၀င်း