ဂွမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဂွ ဇွန် ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၈၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူများရဲ့ သဘောတူ ခွင့်ပြုချက်အရ ယနေ့နံနက်ပိုင်းမှစ၍  ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အ.ထ.က (ဂွမြို့)စုရပ်တွင် အ.လ.က(ခွဲ) အလယ်ရွာ၊ မူလွန်(သိမ်တမံ)နှင့် အ.လ.က(ခွဲ) ကင်းရုံးကျောင်းများမှ ကျောင်းသား/သူများအားလည်းကောင်း၊ ကျိန္တလီအ.ထ.က စုရပ်၌ အ.မ.က(စံပြ)၊ အ.မ.က(ကွင်းစု)၊ အ.မ.က(ပုန်းညှက်)၊အ.မ.က(ဖိုးလှောင်ကွင်း)၊ အ.မ.က(ဂျိတ်တောင်)၊ အ.မ.က(ကိုင်းတောကွင်း)၊ အ.မ.က(ကျောက်ပါးစပ်)၊ အ.မ.က(သဖန်းကွင်း)ကျောင်းများမှ ကျောင်းသား/သူများအားလည်းကောင်း၊ ဆပ်သွား အ.ထ.က စုရပ်၌ အ.ထ.က(ဆပ်သွား)၊ မူလွန်(ဆင်ကူး)၊ အ.မ.က(ကျောက်ချပ်)၊ အ.လ.က(ခွဲ) (သာယာချိုင်)၊ အ.လ.က(ခွဲ) ဂျိုင်ကောက်၊ အ.မ.က (သံခဲချိုင်)ကျောင်းများမှ ကျောင်းသား/သူများအားလည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဇွန်လ(၇)ရက်နေ့များနှင့် ဇွန်လ(၈)ရက်နေ့များတွင် ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ရွှေရည်ဝင်းကျော်