လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ဒိုးဇက်ပြိုင်ပွဲ၊ ချက်ကစားပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်

လောင်းလုံး  ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ဒိုးဇက်ပြိုင်ပွဲ၊ ချက်ကစားပြိုင်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ ပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက ပြိုင်ပွဲများပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒိုးဇက်ကစားပြိုင်ပွဲ၊ ချက်ထိုးကစားပြိုင်ပွဲများပြုလုပ်ကာ ကလေးများက ပါဝင်ယှဉ်ပြိုင်ကြ၍ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက အမှတ်တရပစ္စည်းလက်ဆောင်များပေးအပ်ခြင်း၊ စာအုပ်စာစောင်များပြသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)