တွံတေး ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား / ကျောင်းသူ (၂၁၀၆၇ ) ဦးရှိပြီး ဇွန်လ ၇ ရက်နေ့မှ စတင်၍ မြို့နယ် တွင်းရှိ အခြေခံပညာကျောင်းများအရောက် ဆေးထိုးအဖွဲ့ (၂၄) ဖွဲ့မှ လှည့်လည်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း များ ဆောင်ရွက်လျက်ရှိသည်။
မျိုးလှိုင် တွံတေး