ခန္တီးမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ခန္တီး  ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အသက်(၁၁)နှစ်မှ (၁၇) နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနံခြင်းကို ဇွန်လ(၆)ရက် နံနက်(၁၀)နာရီအချိန်က မြို့မရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးရာတွင် အသက်(၅ နှစ်မှ ၁၁ နှစ်အရွယ်) ကလေးကို(Sinopharm) ဆေးကိုလည်းကောင်း၊ အသက်( ၁၂ နှစ်မှ ၁၇နှစ်) အရွယ်ကလေးကို (Myancopharm) ဆေးကို လည်းကောင်းထိုးနံပေးမည်ဖြစ်ကြောင်း ခန္တီးခရိုင်ဆေးရုံအုပ် ဒေါက်တာဒေါ်နန်းမြတ်မြတ်မွှေးထံမှ သိရသည်။

အဆိုကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ခန္တီးမြို့နယ်အတွင်းရှိ ပရဟိတအသင်းများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ စသည့်လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)