ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြည်ထဲဝန်ကြီးဌာန ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း(၁/၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်က အဖွင့်အမှာစကား တက်ရောက် ပြောကြားခဲ့ပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူးဦးစိုးနောင်က ယခုလိုရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များကို တက်ရောက်လာကြသူများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲဝင်များ၊ ပရဟိတဆောင်ရွက်နေကြသော လူမူရေးအသင်းအဖွဲ့များမှ သင်တန်းသား စုစုပေါင်း ၃၅ ဦးတို့ကို စာတွေ့လက်တွေ မွမ်းမံသင်တန်းအဖြစ် အခြေခံကြိုးချည်နည်းသင်တန်း၊ ရေပြင်သက်ကယ် သင်တန်း၊ မြေပြင် သက်ကယ်သင်တန်း၊ အထပ်မြင့်အဆောက်အဦးများမှ လူနာသယ်ဆောင်နည်း၊ ရေတွင်းအသက်ကယ်နည်း၊ ငလျှင်ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် အခြားသဘာဝဘေးများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ကူညီနိုင်ရေး နည်းစနစ်များကို (၅)ရက်ကြာ စနစ်တကျဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်ထံမှသိရသည်။

  ကိုဇော်-ဟင်္သာတ