သတင်းများ

ကွမ်းသီးအရည်သောက်(ခေါ်)ကွမ်းသီးအနုဈေးကွက်ကြောင့် လာမည့်နှစ် ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရနိုင်
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင်ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သောကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။
ဗိုလ်တထောင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ဆက်လက်ထိုးနှံ
Jun 23,2022
အခြေခံပညာကျောင်းများတွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီ၌ အမှတ်(၆) အခြေခံပညာအထက်တန်း‌ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။
ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံပိုင်ရှင်များအား ပျဉ်းကတိုးအပင်(၁၀၀၀) ဖြန့်ဝေပေးအပ်
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  ကလိန်အောင်မြို့ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ကလိန်အောင်မြို့ဘိနယ်မှ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်သည့် ကျေးရွာသူ၊ ရွာသားများအား ပျဉ်းကတိုးအပင်(၁၀၀၀)ပင်ကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ သစ်တောဦးစီးဌာန ဘိနယ်ရုံး၌ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်၌ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်း ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်(၁၁)နာရီ ကကျေးနီကန်ကျေးရွာ ၊ တောင်သူဦးသန်းထွန်းလတ်စိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jun 23,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းကြား သိပ္ပံလမ်းပေါ်ရှိ (ဆင်ဖြူကန်ကွင်း)တွင် ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအား တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းကို စနစ်တကျ ပြုလုပ်အသုံးပြုနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။