ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံပိုင်ရှင်များအား ပျဉ်းကတိုးအပင်(၁၀၀၀) ဖြန့်ဝေပေးအပ်

ကလိန်အောင် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  ကလိန်အောင်မြို့ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ကလိန်အောင်မြို့ဘိနယ်မှ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်သည့် ကျေးရွာသူ၊ ရွာသားများအား ပျဉ်းကတိုးအပင်(၁၀၀၀)ပင်ကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ သစ်တောဦးစီးဌာန ဘိနယ်ရုံး၌ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ရာတွင်ကလိန်အောင်မြို့ သစ်တောဦးစီး‌ဌာန ဘိနယ်ရုံးမှ တာဝန်ခံဦးခင်စိန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရေးနှင့် မိမိပတ်ဝန်းကျင်ကို စုပေါင်းထိန်းသိမ်းဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ‌ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရာဖူးကျေးရွာသူကျေးရွာသားများအား ပျဉ်းကတိုးအပင်(၁၀၀၀) ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)