လမိုင်း​မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လမိုင်း ဇွန် ၂၃

မွန်ပြည်နယ် လမိုင်းမြို့၊ မြို့မ(၂)ရပ်ကွက် အ.ထ.ကကျောင်းနှင့် အ.မ.က ဘူတာကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊  အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊   မူးယစ်ဆေးသုံးစွဲခြင်း၏   စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အသိပညာပေး ဆောင်းပါးနှင့်ကဗျာများ ပါဝင်ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)