ဗိုလ်တထောင် ဇွန် ၂၃
အခြေခံပညာကျောင်းများတွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီ၌ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံခန်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်နိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်၊ မြို့နယ်ပညာရေးဌာနတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ အထက(၄)မှ ၆၆ ဦး၊ အထက(၅)မှ ၂၄ ဦး၊ အထက(၆)မှ ၆၇ ဦး၊ စုစုပေါင်း(၁၅၇)ဦး တို့အား ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးကို ထိုးနှံပေးကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန် ၂ရက်နေ့မှ စတင်ထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)