ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား

ပန်းတောင်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြားပြီ၊ မြို့နယ် စာရေးဆရာ အသင်းနာယက ဦးဌေးဝင်းက စာပေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှကျော်က ညီလာခံတွင် တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြား၍ ဘဏ္ဍာရေးမှူး ဦးအောင်မြင့်မှ ငွေစာရင်းရှင်းတမ်းများ အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး