ရွှေကျင်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးခြင်းအား ယနေ့နံနက်(၁၀)နာရီက စလူချောင်း ကျေးရွာရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ထွေး၏နေဗီယာမြက် (၂)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။