သတင်းများ

လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာ ကွင်းအမှတ်(၁၁၅၅)၊ ဦးပိုင်(၅၈) တောင်သူဦးအုန်းသန်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကံမမြို့နယ်၌ ဖြန့်ဝေ
Jun 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကံမ)နှင့် အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ(မင်းကုန်း)တို့မှ ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု
Jun 23,2022
ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘားအံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ တောင်သူဦးအေးထွန်းအောင် စိုက်ပျိုးထားသော (၂) ဧကခန့်ရှိ နေဗီယာမြက်သရုပ်ပြစိုက်ခင်း စိုက်ပျိုး ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မိုးညိုမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့်
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက် ထိုးနှံပေး
Jun 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၅ နှစ်အထိ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းနေပြင်ပ ကလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster dose)ထပ်ဆောင်း ထိုးနှံပေးလျက်ရှိရာ  မြို့နယ်တွင်း၌ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန် ယမန်နေ့ နံနက် ၈ နာရီခွဲက မန်းသံပုရာကန် ရေနံဓာတုဗေဒစက်ရုံမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် မိုးရာသီ ရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တူးချောင်း ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြော
Jun 23,2022
၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ဖြူးမြို့နယ် ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။.0