လက်ပံတန်းမြို့၌ မိုးရာသီတိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ပျိုး
Jun 25,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂ခုစ် ဇွန် ၂၅ ရက်တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက လက်ပံတန်းမြို့နယ် ဆင်တလင်းကျေးရွာအုပ်စု ဆင်တလင်းကျေးရွာ တောင်သူဦးသန်းလှိုင် ပိုင်ယာမြေ တစ်ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။