သဲကုန်းမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် ( နေဗီယာမြက်) သရုပ်ပြစိုက်ပျိုး
Jun 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သဲကုန်းမြို့နယ် နွယ်ကောက်ကျေးရွာအုပ်စု ကွေ့တက်ကျေးရွာ တောင်သူဦးလှထူး ပိုင်ယာမြေတစ်ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ပြုလုပ်သည်။