ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေစိုလေ့ကျင့်ခန်း(Wet Drill)အား စနစ်တကျလေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှူး ဦးသန်းဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ ပြည်သူလူထု၏ အသက်အိုးအိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန်၊ မီးသတ်စက်ကြီး၊ မီးသတ်စက်ကလေးတို့ကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့က ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဧရာဝတီမြစ်ဆိပ်တွင် ရေစိုလေ့ကျင့်ခန်း(Wet Drill)အား စနစ်တကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။