(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုသိမ် ဇွန် ၂၅

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်များတွင် အဆင့်တိုင်း  ပြိုင်ပွဲအမျိုးအစားတိုင်း ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ တွေ့ရှိရပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုရရှိရေး တွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်ယှဉ်ပြိုင် ရွေးချယ်ခြင်းဖြင့် ဗဟိုအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်နိုင်ရေး  အလေးထား ကြပ်မတ် ဆောင်ရွက်သွားရန်” ပြောကြားသည်။ ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး(၁)နှင့်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)