ရမည်းသင်း ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်လန်းစိုပြည်ရေး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီခွဲက ရွှေဒါးကျေးရွာအနီး အစိုးစက်မှုလက်မှု သိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း(ရမည်းသင်း) ကျောင်းအုပ်ကြီးဒေါက်တာကျော့ကျော့ရီနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအရာရှိများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြပြီး ၊ ကျွန်း(၇၀)ပင်၊ ပျဉ်းကတိုး(၃၀)ပင်၊ မဟော်ဂနီ(၅)ပင်၊ ယင်းမာ(၄၃)ပင်၊ ပိတောက်(၄၀)ပင်၊ စိန်ပန်း(၃၀)ပင်၊ ရေတမာ(၃၀)ပင်နှင့် စိန်တံခြူ(၅၂)ပင် စုစုပေါင်း ပျိုးပင်(၃၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ရမည်းသင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန် ရည်ရွယ်၍ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဆက်လက်၍ ရန်ကုန်-မန္တလေး ကားလမ်းဘေး ရမည်းသင်းမြို့ဝင် မိုင်တိုင် ကျွန်း(၂၅)ပင်၊ စိန်ပန်း(၂၅)ပင်၊ ပိတောက်(၂၅)ပင်နှင့် စိန်တံခြူ(၂၅)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးထံမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)