ညောင်ဦးမြို့နယ်၌ တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အား (၃၅)ဦးတို့သည် မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ၊ ညောင်ဦးခရိုင်၊ မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ လောကနန္ဒာစက်လှေဆိပ်အနီး ဧရာဝတီမြစ်ကြောင်းအတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့နံနက် ၉ နာရီက ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။