သတင်းများ

ရန်ကင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အမှတ် (၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေးတို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် (၉:၃၀) အချိန်က ရန်ကင်း TTC (လေ့ကျင့်ရေးအလယ်တန်းကျောင်း) ခန်းမဆောင်တွင် ယာဉ်စည်းကမ်၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်းသိရသည်။
အုတ်ဖိုမြို့ ဝါဆိုဦး(၂)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၃၀)ရာခိုင်နှုန်းပြီးစီး
Jun 29,2022
ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ဝါဆိုဦး(၂)လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဟိုပန်မြို့နယ်၌ ပဲသီးအစားပြောင်းဖူးသီးနှံ အစားထိုးစိုက်ပျိုးခဲ့မှုကြောင့် စီးပွား​​ရေးအဆင်ပြေ
Jun 29,2022
 "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် တိုင်ထောင်ပဲသီး သီးနှံအစား ပြောင်းဖူးသီးနှံများအများအပြား အစားထိုးစိုက်ပျိုးခဲ့မှုကြောင့် စီးပွား​​ရေး အဆင်ပြေလျက်ရှိလာကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ရေစီး/ရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေမြောင်းများ ရေစီး/ရေလာ ကောင်းမွန်ပြီး ရေမြောင်းပိတ်ဆို့မှု  မရှိစေရေးအတွက် ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းကို ယနေ့နံနက် (၇:ဝဝ)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် (၅)လမ်းနှင့် ကျန်စစ်သား လမ်းမတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်
Jun 29,2022
၂၀၂၂ ခုနှစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်း ၁၀ နာရီက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အထက (ကန်သာယာ)ကျောင်း၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး ​အသိပညာပေးဟောပြော
Jun 29,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အထက(ကန်သာယာ)ကျောင်း၊ မဟော်သဓာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Jun 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library ကွင်းဆင်းငှာရမ်းပေးလျက်ရှိကြောင်း သိရသည်။