တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ

မန္တလေး  ဇွန်  ၂၉

မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အစည်းအဝေးအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ချမ်းမြသာစည်မြို့နယ် နားမကြားသောကလေးများကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအတွင်းရေးမှူးက ၂၀၂၂ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များအား ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များရှင်းလင်းခြင်း၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ  အတွင်းရေးမှူးက လုပ်ငန်းစဉ်များရှင်းလင်းခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ကာ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)