သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

သပိတ်ကျင်း ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာအုပ်စာစောင်ပြပွဲ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉း၃၀)အချိန်က အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လက်ထောက်ပညာရေးမှူးဦးစိုးသန်းညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက စည်းကမ်းသည်လူ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၉၄)ယာဉ် ထိန်းရဲတပ်ဖွဲ့စု ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအေးစိုးမှ ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော် တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်အသိပေးလမ်းညွှန်ချက်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှ စည်းကမ်းတကျကူးစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူကလေးများမှ လေ့လာဖတ်ရှု့ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာစန်းနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)