သတင်းများ

တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ အနီးပတ်၀န်းကျင်ကျေးရွာများရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနေသော ပြည်သူ့အကျိုးပြု ဇီးဖြူကုန်းရေတံခါး
Jun 29,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးရှိ ကျေးရွာအနီးရှိ ဇီးဖြူကုန်းရေတံခါး တည်ဆောက်ထားသည့်အတွက်ကြောင့် မိုးရာသီတွင် တွံတေးတူးမြောင်းအတွင်း ဒီရေတက်ချိန် ပြင်ပရေများ ဇီးဖြူကုန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာနေဒေသခံပြည်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်းရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ် (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jun 29,2022
မိတ္ထီလာတက္ကသိုလ်၏ (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်
Jun 29,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဂဟေဆက်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ သံကြိုးလမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နေ့လယ်(၁၄:ဝဝ)နာရီက   ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာများ ရရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၉၄)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ် အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။