ထန်းတပင်မြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်
Jul 01,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ (၁) ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။