ရေးမြို့တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ရေး ဇူလိုင် ၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးများအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက တပ္ပလင်နှစ်ဆူစေတီတော် ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မွေးစမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်​ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။ ​​

ရေး(ပြန်/ဆက်)