မိုင်းရယ် ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ လားရှိုးခရိုင်ကျေးလက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်သန်း၊ မိုင်းရယ်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က မိုင်းရယ်မြို့နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သတ်မှတ်စံနှုန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ နားခိုကျေးရွာတွင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်က မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းနှင့် နောင်မိုအုပ်စု၊ နားမခေါ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် အောင်ကုဋေခန့်ကုမ္ပဏီမှ ဆောင်ရွက်သည့် စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်း လုပ်ငန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်