မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအကြမ်းဖက်မှု တိုက်ဖျက်ရေး အသိပညာပေး (talk show)ပြုလုပ်

မြင်းမူ ဇူလိုင်လ ၁

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(talk show)ကို ဇူလိုင်လ(၁)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍  အများပြည်သူများပိုမိုသိရှိစေနိုင်ရေး တင်ပြဆွေးနွေးပေးရန်ဖိတ်ခေါ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေနှင်းဝေက အဓိကအားဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များ  မဖြစ်ပွားစေရေးအတွက် အမျိုးသမီးရေးရာအဖွဲ့၏ အသိပညာပေးရေးလုပ်ငန်းများတွင် ပြည်သူများက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်ကြောင်း အများပြည်သူများ သိရှိကြသည့်အတိုင်း အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များ၊ အရွယ်ရောက်ပြီး အမျိုးသမီးများအား တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဆိုသည့် စည်းရုံးပြောဆိုမှုဖြင့် ဇနီးမယားအဖြစ်(သို့) အိမ်ဖေါ်အဖြစ်  အခကြေးငွေဖြင့် ရောင်းချခြင်းများဖြစ်ကြောင်း၊ မသိနားမလည်သော အမျိုးသမီးများအနေဖြင့် အခြားသူတစ်ဦးတစ်ယောက်၏ စည်ရုံးသိမ်းသွင်းခြင်းဖြင့် မိမိဘဝပျက်စီးသွားနိုင်သည်ဆိုသည့်အချက်ကို အခြေခံကျကျသိရှိထားရန် အရေးကြီးကြောင်း၊ ဖြစ်စဉ်များအပေါ် ထိထိရောက်ရောက်ရောက် အပြစ်ပေးအရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန်ဆွေးနွေးခဲ့သည်။

အောင်စိုးဖေ (မြင်းမူ)