တာမွေမြို့နယ်တွင် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 03,2022
၂၀၂၂-ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် (၂၆)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေး ” ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်မျာနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။